The ousting of the National League for Democracy in the February 1 coup triggered a major shift in power dynamics between Myanmar’s ethnic groups. Now, with talk of a federal army and government growing, minority groups are pushing the Bamar majority for real change
Seven decades of ethnic warfare in Myanmar have produced an abundance of alliances, betrayals and uneasy pacts in the search for autonomy across a diverse and sprawling land.
But now, in the unprecedented months following the country’s February 1 coup, a cry for unity against the military has made for a sea change in the power dynamics between ethnic groups.

“The Burmese majority, they blamed us for 60 years, 70 years, saying that we are the bad guys in the country. Now it’s a big change for Burmese majority people,” Padoh Taw Nee, head of foreign affairs for the Karen National Union (KNU) told the Globe.
The announcement last week of an interim National Unity Government (NUG), formed by members of the elected government removed by coup, has ignited talk of cooperation between ethnic and political groups across the country. One of the unity government’s boldest calls is for the creation of a new federal army to resist the Burmese military, known as the Tatmadaw. That move would theoretically combine the fighting forces of ethnic armed organisations (EAOs) across the country, who have long upheld their own national interests.
But despite the shifting tides, Myanmar’s legacy of political dominance by the Bamar majority continues to loom over the discussions. The possibility of moving from one system of marginalisation to another is causing long-sidelined minority groups to hesitate in the face of a national call to pull together.
“We still need to talk with them to ensure our equality and self-determination,” Taw Nee said. “When we form our federal democratic country, the first step will need to be [moving] from centralisation to decentralisation.”
The KNU is not alone in its resistance to Bamar hegemony. Chief General Twan Mrat Naing, founder and commander-in-chief of the Arakan Army, notably silent since the coup, told the Globe the group’s decision to keep a low profile in the resistance movement was rooted in a mistrust of the ousted National League for Democracy (NLD).

“The NLD government after 1988 promised federalism and they pledged this to the ethnic people, but after they came to power they didn’t keep the promise,” he said. “So we have learned the lesson and we are not naive anymore.”
The NUG’s plans for its own federal army would serve to legitimise its governmental standing while preparing for any future armed opposition to the Tatmadaw regime.
The AA, the Kachin Independence Army and the Karen National Liberation Army (KNLA), the armed wing of the KNU, are among the most powerful ethnic militaries in Myanmar. This makes them critical assets in any unified government, especially a federal army, given the nascent unity government does not have its own arms or soldiers.
But while the notion of a federal army may offer an appealing counterbalance to the might of the Tatmadaw, the reality of such a group forming in Myanmar, amidst its long-running civil conflicts, is far more complex.
“We already have ethnic armed groups who have their own armies, but it’s very difficult to work together, to have coordination,” Taw Nee said. “Ethnic coordination is very, very difficult from the north to the south. They are different in their ideas, their thinking, their nature and history, as well as geographically.”
While the prospect of full cooperation remains distant, Taw Nee does recognise that, in principle, a unified force would be an ideal outcome.
“We really need to start from the first steps, little bit by little bit. But we deeply agree that we should have a federal army,” he said.
Twan Mrat Naing similarly said that he could not see the AA joining a federal army but would be more inclined to forming or strengthening a coalition among ethnic militaries, similar to the existing Northern Alliance among four such groups in Myanmar’s highlands.

“Working with EAOs and participating in a federal army are not the same. Forming one army is a different set of plans. You would have to place all armies in a single chain of command,” the chief general said.
“The idea is good, but in reality to substantiate this concept is not that easy or practical.”
Despite the reservations of some ethnic organisations, NUG Minister of International Cooperation Dr Sasa does not agree with feasibility concerns. Sasa had previously expressed optimism to the Globe about the prospect of a federal army, and maintains that a single institution, rather than a coalition, is the only solution.
“In principle, it has to be one institution. We all understand that we cannot win alone. AA can never win alone, the Karens will never win alone. They know that, I know that, only together we will win,” Sasa said.
“It’s very easy to integrate existing armed organisations. The Kachin Independence Army could become the federal army in Kachin state. But they will send joint chiefs of staff to Naypyidaw to command under the chief of staff. This is how it has to go, whether we like it or not. This is the best way forward for everyone.”
A federal army has also been highlighted as a means of removing the current regime by incentivising defections among its ranks. Recently, Major Hein Taw Oo recently deserted his post in Mandalay to join the anti-coup demonstrations in Shan state, one of the highest ranking defections since the coup, claiming that a successful federal army would “erase” the fears of retribution among soldiers and they would “join it in droves”.
Burmese Language is below:
(ဘာသာပြန်ဆောင်းပါး)
‘ကျွန်တော်တို့ အယုံမလွယ်တော့ဘူး’ – ဖက်ဒရယ်အာမီအရေး စိတ်ဒုန်းဒုန်းမကျကြတဲ့ EAO တွေ
ကွဲပြားခြားနားသည့် လူအုပ်စုအမျိုးမျိုး ပြန့်ကြဲတည်ရှိနေသည့် မြန်မာနိုင်ငံ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် တောင်းဆိုလာကြသည့် နှစ်ပေါင်း ၇၀ ကြာ လက်နက်ကိုင်ပဋိပက္ခက မွေးထုတ်ပေးလိုက်သည်မှာ များပြားလှသည့် မဟာမိတ်အဖွဲ့များ၊ သစ္စာဖောက်မှုများနှင့် စိတ်မချရသည့် ကတိကဝတ်များ ဖြစ်သည်။သို့သော် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြားရှိ ပါဝါအခင်းအကျင်းတွင် အပြောင်းအလဲကြီးအဖြစ် စည်းလုံးညီညွတ်ရေးအတွက် တောင်းဆိုချက်တစ်ရပ် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
“ဗမာအများစုက နှစ်ပေါင်း ၆၀ ရ၀ ကြာအောင် ကျွန်တော်တို့ကို လူဆိုးတွေဆိုပြီး အပြစ်ဖို့ခဲ့ကြတယ်။ ခုတော့ ဗမာလူထု အများစုကြားမှာ အပြောင်းအလဲကြီး ဖြစ်သွားပြီ” ဟု ကေအန်ယူ နိုင်ငံခြားရေးဌာန အကြီးအကဲ ဖဒိုတော်နီးက Southeast Asia Globe သတင်းဌာနသို့ ဖြေကြားသည်။ဖြုတ်ချခံခဲ့ရသည့် ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်များသည် ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ဧပြီလတွင် ကြေညာခဲ့သည်။ ထိုကြေညာချက်က နိုင်ငံတစ်ဝန်း တိုင်းရင်းသားများနှင့် နိုင်ငံရေးအုပ်စုများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြောဆိုညှိနှိုင်းမှုများ ပေါ်ထွက်လာစေခဲ့သည်။ NUG ၏ အထင်ကရ ပြောကြားမှုများအနက် တစ်ခုမှာ ဗမာစစ်တပ်ကို ခုခံတော်လှန်ရန် ဖက်ဒရယ်အာမီ ဖွဲ့စည်းရေး ဖြစ်သည်။
သဘောတရားအားဖြင့် ပြောရလျှင် ဖက်ဒရယ်အာမီသည် အမျိုးသားရေး အကျိုးစီးပွားအတွက် ကာလရှည်ကြာ လှုပ်ရှားလာကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တိုက်ခိုက်ရေး အဖွဲ့များအား စုစည်းပေး ဖြစ်သည်။သို့သော် ရေစီးကြောင်း အပြောင်းအလဲ ရှိလာသော်လည်း မြန်မာနိုင်ငံရေး နယ်ပယ်အတွင်း ကာလရှည်ကြာ ရှိခဲ့သည့် ဗမာကြီးစိုးမှုကတော့ ဆွေးနွေးချက်များအပေါ် အရိပ်ထိုးနေဆဲ ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားများသည် မြန်မာ့နိုင်ငံရေးတွင် ကာလရှည်ကြာ ဘေးထွက်နေခဲ့ရသူများ ဖြစ်သည်။ ဘေးဖယ်ခံရသည့် စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ အမျိုးသားရေးအတွက် စုစည်းရန်ဆိုပြီး ကူးပြောင်းခြင်းဖြင့် ဖြစ်လာနိုင်သည့် အခြေအနေများသည် တိုင်းရင်းသားများကို ချီတုံချတုံဖြင့် ဝန်လေးစေလျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ တန်းတူညီမျှရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးတွေကို သူတို့ ဘက်က အာမခံပေးဖို့အတွက် ဆွေးနွေးရဦးမယ်” ဟု စောတော်နီးက ပြောသည်။ “ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့အချိန်မှာ ပထမဆုံး လိုအပ်တဲ့ခြေလှမ်းကတော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချရေးပါပဲ” ဟု သူကဆိုသည်။ဗမာကြီးစိုးမှုကို ခုခံတွန်းလှန်နေသည်မှာ ကေအန်ယူ တစ်ဖွဲ့တည်းတော့ မဟုတ်ပေ။ အေအေ အဖွဲ့လည်း ပါသည်။ အေအေ ထူထောင်သူ ဖြစ်သလို အဖွဲ့၏ စစ်ဦးစီးချုပ်လည်းဖြစ်သော ဗိုလ်ချုပ် ထွန်းမြတ်နိုင်သည် အာဏာသိမ်းမှု နောက်ပိုင်းတွင် သိသိသာသာ နှုတ်ဆိတ်နေခဲ့သူ ဖြစ်သည်။ လူထု၏ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူလုံးမပြဘဲ ငြိမ်နေခြင်းသည် ဖြုတ်ချခံရသည့် NLD အစိုးရအား မယုံကြည်မှုအပေါ် အရင်းခံသည်ဟု သူကဆိုသည်။
“၁၉၈၈ နောက်ပိုင်းမှာ NLD ဟာ ဖက်ဒရယ်စနစ်ကို ထူထောင်မယ်လို့ တိုင်းရင်းသားတွေကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ အာဏာရလာတော့ ကတိမတည်တော့ဘူး” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။“ဒီတော့ ကျွန်တော်တို့ သင်ခန်းစာရသွားပြီ။ ကျွန်တော်တို့ အယုံမလွယ်တော့ဘူး” ဟု သူကဆိုသည်။NUG သည် ကိုယ်ပိုင် ဖက်ဒရယ်အာမီ ထူထောင်နိုင်လျှင် အစိုးရတစ်ရပ်အဖြစ် တရားဝင် ရပ်တည်နိုင်မည် ဖြစ်သလို အနာဂတ်တွင် မြန်မာစစ်တပ်ကို လက်နက်အင်အားဖြင့် ခုခံတွန်းလှန်ရန် ပြင်ဆင်ပြီးသားလည်း ဖြစ်မည်။
မြန်မာနိုင်ငံ၌ အင်အားအကောင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အေအေ၊ ကေအိုင်အေနှင့် ကေအန်ယူ၏ လက်နက်ကိုင်အဖွဲ့အစည်း KNLA တို့လည်း ပါဝင်သည်။ ဤအချက်ကြောင့် ညီညွတ်သောအစိုးရ တစ်ရပ် တည်ဆောက်ရေးတွင် အဆိုပါအဖွဲ့များသည် အရေးပါသော အင်အားစုများအဖြစ် ရှိနေကြသည်။ အထူးသဖြင့် ယခုမှ စဖွဲ့ပြီး ကိုယ်ပိုင်စစ်တပ်နှင့် စစ်သားများ မရှိသေးသည့် အစိုးရ၏ ဖက်ဒရယ်အာမီ ထူထောင်ရေးကိစ္စတွင် ဖြစ်သည်။ဖက်ဒရယ်အာမီ ဖွဲ့စည်းရေး အယူအဆသည် တပ်မတော်၏ အင်အားကို ချိန်ခွင်လျှာညှိရေးအတွက် နှစ်သက်စရာ ရည်ရွယ်ချက်ဖြစ်သည်။ သို့သော် ကာလရှည်ကြာ ပြည်တွင်းစစ် ရှိခဲ့သည့် မြန်မာနိုင်ငံ၌ ဤကဲ့သို့သော အဖွဲ့အစည်းမျိုး ဖွဲ့စည်းရေးမှာ လက်တွေ့ကျကျ စဉ်းစားလျှင် အလွန်အမင်း ခက်ခဲရှုပ်ထွေးသည်။
“တိုင်းရင်းသားတွေမှာ ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေ အတူပေါင်းလုပ်ဖို့ ဆိုတာ အရမ်းခက်ခဲတယ်” ဟု ဖဒိုတော်နီးက ပြောသည်။“တောင်ပိုင်းကတေ မြောက်ပိုင်းအထိ တိုင်းရင်းသားတွေ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ အရမ်းအရမ်းကို ခက်ခဲပါတယ်။ အယူအဆတွေ စဉ်းစားပုံတွေ မတူဘူး။ သဘောသဘာဝနဲ့ သမိုင်းကြောင်း၊ ပထဝီအနေအထား တွေကအစ မတူကြဘူး” ဟု သူကဆိုသည်။အလုံးစုံ ပူးပေါင်းဆောင်ရွက်ရေး ရှုထောင့်ဘက်က ကြည့်လျှင် အလှမ်းဝေးနေသေးသော်လည်း မူအားဖြင့် ကြည့်လျှင်တော့ ညီညွတ်သောအင်အားစု တစ်ရပ် ဖွဲ့စည်းရေးသည် အကောင်းဆုံးရလဒ် ဖြစ်နိုင်ကြောင်း စောတော်နီးက အသိအမှတ်ပြုသည်။

“ပထမဆုံးခြေလှမ်းတွေကနေ တစ်ဆင့်ချင်းစီ တက်သွားဖို့ အထူး လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဖက်ဒရယ်အာမီတစ်ရပ် ရှိသင့်တယ် ဆိုတာကိုတော့ လေးလေးနက်နက် သဘောတူပါတယ်” ဟု သူက ပြောသည်။အေအေဗိုလ်ချုပ် ထွန်းမြတ်နိုင်လည်း အလားတူမှတ်ချက်မျိုး ပြောကြားသည်။ အေအေအနေဖြင့် ဖက်ဒရယ်အာမီအဖြစ် ပူးပေါင်းဖွဲ့စည်းမည့် အလားအလာ မမြင်မိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား စစ်ရေးမဟာမိတ်အဖြစ် ဖွဲ့စည်းရန် သို့မဟုတ် ယာယီပူးပေါင်းရန် ပိုစိတ်ဝင်စားသည်ဟု ဆိုသည်။ လက်ရှိ ဖွဲ့စည်းထားသည့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ ပုံစံမျိုး ဖြစ်သည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာနဲ့ ဒီအဖွဲ့တွေကို ပေါင်းပြီး ဖက်ဒရယ်တပ်မတော် ထူထောင်တာ မတူဘူး။ စစ်တပ်ကို တစ်ခုတည်း ဖွဲ့စည်းတယ်ဆိုတာ ဘာမှမဆိုင်တော့တဲ့ နောက်အစီအစဉ်တစ်ခု ဖြစ်သွားပြီ။ စစ်တပ်တွေအားလုံးကို အမိန့်တစ်ခုတည်း အောက်မှာ ထားရမှာ” ဟု ထွန်းမြတ်နိုင်က ဆိုသည်။
“စိတ်ကူးက ကောင်းပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးကို လက်တွေ့ ဖြစ်အောင်လုပ်ဖို့ကတော့ ထင်သလောက် မလွယ်သလို လက်တွေ့လည်း မကျဘူးလို့ ပြောရမှာပေါ့ဗျာ” ဟု သူက ဆိုသည်။တိုင်းရင်းသား အဖွဲ့အစည်းအချို့က သံသယရှိနေသော်လည်း NUG ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကတော့ ထိုကဲ့သို့ စိတ်ပူစရာများ ရှိနိုင်သည်ဟု မယူဆပေ။ ဒေါက်တာဆာဆာသည် ရှေ့တွင်လည်း ဖက်ဒရယ်အာမီ တည်ဆောက်ရေး နှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိကြောင်း SAG ကို ပြောဖူးသည်။ မိတ်ဖက်အဖြစ် ပူးပေါင်းခြင်းထက် တစ်ဖွဲ့တည်းအဖြစ် ဖွဲ့စည်းခြင်းသည်သာ တစ်ခုတည်းသော အဖြေဖြစ်ကြောင်း သူက ယူဆထားသည်။
“မူအရ တစ်ဖွဲ့တည်းပဲ ဖြစ်ရပါမယ်။ တစ်ယောက်တည်းလုပ်လို့ မအောင်မြင်ဘူးဆိုတာ ကျွန်တော်တို့အားလုံး နားလည်ပြီးသားပါ။ အေအေလည်း တစ်ယောက်တည်း ဘယ်တော့မှ မနိုင်ဘူး၊ ကရင်တွေလည်း တစ်ယောက်တည်း ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး။ သူတို့လည်းသိတယ်။ ကျွန်တော်လည်း သိတယ်။ ပူးပေါင်းဆောင်ရွက်မှသာ ကျွန်တော်တို့အားလုံး အနိုင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဆာဆာက ဆိုသည်။
“ရှိထားပြီးသား လက်နက်ကိုင်အဖွဲ့တွေကို ပေါင်းစပ်လိုက်ဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ ကေအိုင်အေ ဆိုရင် ကချင်ပြည်နယ်အတွက် ဖက်ဒရယ်အာမီ ဖြစ်လာမယ်။ ဒါပေမဲ့ သူတို့ရဲ့ တပ်ချုပ်ကို နေပြည်တော်ကို ပို့ရမယ်၊ အဲဒီမှာ စစ်ဦးစီးချုပ်ရဲ့ အမိန့်အောက်ကနေ ဆောင်ရွက်ရမှာပေါ့။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီအတိုင်းပဲ ဖြစ်လာရမှာပါ။ အကုန်လုံး ရှေ့ဆက်ဖို့ ဆိုရင် ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ” ဟု သူက ဆိုသည်။
ဖက်ဒရယ်အာမီသည် တပ်မတော်သားများ တပ်မှစွန့်ခွာအောင် ဆွဲဆောင်ခြင်းဖြင့် လက်ရှိ စစ်တပ်ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန်လည်း ရည်ရွယ်သည်။ မကြာသေးမီကဆိုလျှင် တပ်မတော်ဘက်မှ ဗိုလ်မှူးဟိန်းသော်ဦးသည် မန္တလေးတွင် တာဝန်ကျနေရာမှ တိမ်းရှောင်ပြီး ရှမ်းပြည်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခဲ့သည်။ တပ်မတော်ဘက်မှ တိမ်းရှောင်ထွက်ပြေးလာသော ရာထူးမြင့်စစ်သည်များအနက် တစ်ဦးဖြစ်သည်။ ဖက်ဒရယ်အာမီကို အောင်မြင်စွာ ထူထောင်နိုင်ပါက တပ်မတော်သားများ အနေဖြင့် ဒဏ်ခတ်မှု ရင်ဆိုင်ရမည်ကို ကြောက်ရွှံ့နေခြင်းအား ဖယ်ရှားနိုင်မည်ဖြစ်သလို တပ်မတော်သားများသည် အုပ်စုလိုက် ပူးပေါင်းလာနိုင်သည်ဟု ယူဆမှုလည်း ရှိနေသည်။
ယခုအထိတော့ ကေအန်ယူအပါအဝင် တိုင်းရင်းသားစစ်တပ်များသည် တိမ်းရှောင်လာကြသူများအား ခိုလှုံခွင့် ပေးနေပြီဖြစ်သည်။ ရောက်ရှိလာသော လူသစ်များအား စစ်သင်တန်းများ ပေးနေသည်ဟူသော ပြောဆိုချက်များကိုတော့ ကေအန်ယူမှ ဖဒိုစောတော်နီးက အတည်မပြုပေ။ “လာတဲ့သူတိုင်းကို လက်ခံဖို့ ညွှန်ကြားထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့တွေ (ဆန္ဒပြသူတွေ) အခက်အခဲ ကြုံလာတဲ့အချိန်မှာ သူတို့ကိုယ်သူတို့ ကာကွယ်ပိုင်ခွင့် ရှိတယ်လို့တော့ ကျွန်တော်တို့ ပြောပြထားပါတယ်” ဟု သူကဆိုသည်။“တစ်ချိန်ချိန်မှာ ဖက်ဒရယ်အာမီ ပေါ်ထွက်လာမလား ဆိုတာတော့ ကျွန်တော်တို့ မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ သူတို့မှာ ဆန္ဒရှိတယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းလို့ ရပါတယ်” ဟုလည်း ဖဒိုစောတာနီးက ထပ်လောင်းပြောကြားသည်။
CRPH က ဖွဲ့စည်းထားသည့် NUG သည် မြန်မာစစ်တပ်အား တွန်းလှန်ရာတွင် နိုင်ငံရေး အားထုတ်မှု အစိတ်အပိုင်းတစ်ရပ် အဖြစ် ဧပြီလ ၁၆ ရက်နေ့တွင် အစိုးရအဖွဲ့ဝင် ရာထူးနေရာ အပြည့်အစုံကို ခန့်အပ်လိုက်သည်။ တစ်ပတ်ခန့်အကြာ ဧပြီ ၂၂ ရက် တွင် စစ်တပ်ပိုင် ရုပ်သံက NUG ဝန်ကြီးများအားလုံးကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် တရားစွဲလိုက်ကြောင်း ကြေညာခဲ့သည်။NUG အစိုးရအဖွဲ့ထဲတွင် NLD ၏ ရာထူးကြီးခေါင်းဆောင်များ ဖြစ်ကြပြီး လက်ရှိတွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား နဂိုရာထူးများ ပြန်လည်ခန့်အပ်ထားသည်။ သို့သော် ကရင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားကိုယ်စားလှယ်များကိုလည်း ရာထူးကြီးနေရာများ ခန့်အပ် ထည့်သွင်းထားသဖြင့် ယခင်အစိုးရနှင့် မတူဘဲ ကွဲပြားမှုတော့ ရှိနေသည်ကို တွေ့ရသည်။
NUG ၏ ထိပ်တန်းရာထူး နှစ်နေရာ၌ ကချင်တိုင်းရင်းသား ဒူဝါလာရှီလကို ဒုသမ္မတ၊ ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်းကို ဝန်ကြီးချုပ်နေရာ ခန့်အပ်ထားသည်။သို့သော်လည်း စောတော်နီးကတော့ တိုင်းရင်းသား ကိုယ်စားလှယ်ဖြစ်မှုနှင့် နိုင်ငံရေးအရ ကိုယ်စားပြုမှုတို့ မတူကြောင်း စောဒကတက်သည်။ NUG အစိုးရအဖွဲ့သစ်တွင် ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး နေရာများ၌ ကရင်တိုင်းရင်းသား သုံးဦးထက်မနည်း ပါဝင်သည်။ သို့သော်လည်း အချို့မှာ ကေအန်ယူနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေစေကာမူ ဝန်ကြီးချုပ်အပါအဝင် အများစုမှာ NLD နှင့် နီးစပ်သူများသာ ဖြစ်သလို သူတို့သည် ကရင်ပြည်နယ် ပြင်ပရှိ မဲဆန္ဒနယ်များကို ကိုယ်စားပြုကြသူများသာ ဖြစ်သည်ဟု စောတော်နီးက ပြောသည်။
“NUG မှာ တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့ ရလဒ်မျိုးတော့ မည်မည်ရရ မမြင်မိဘူး” ဟု စောတော်နီးက ပြောသည်။“ရိုးရိုးသားသားပဲ ပြောရရင်တော့ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး စစ်မှန်တဲ့ အစိုးရတစ်ရပ်လို့ ကျွန်တော်တို့ မမြင်မိဘူး” ဟု သူကဆိုသည်။ကေအိုင်အေ၏ နိုင်ငံရေးအဖွဲ့အစည်း ကေအန်အိုမှ နိုင်ငံခြားရေးတာဝန်ခံ Hkahpa Tu Sadan ကလည်း အမျိုးသားညီညွတ်ရေး အစိုးရသစ်အပေါ် အလားတူ မှတ်ချက်မျိုး ပေးသည်။ “NUG ကို CRPH က ဖွဲ့စည်းပေးလိုက်တာ။ CRPH ဆိုတာလည်း NLD က အဓိကလွှမ်းမိုးထားတဲ့ အဖွဲ့ပဲ” ဟု Hkahpa Tu Sadan က Southeast Asia Globe သို့ ဖြေကြားသည်။
“အများစု ထောက်ခံမှုနဲ့ ဒီမိုကရေစီ အာဏာရှင်ပုံစံမျိုး ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ (ဗမာ) လူများစု ကြီးစိုးမှုကို ကျွန်တော်တို့ မလိုချင်ဘူး။ NUG အစိုးရဖွဲ့စည်းရာမှာ ဒီအချက်က အဓိကကျပါတယ်” ဟု သူက ပြောသည်။အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ တွင်း၌ပင်လျှင် ပိုမိုကျယ်ပြန့်သည့် ပြောင်းလဲမှုမျိုး လိုအပ်သည်ဟု လက်ခံထားသူများ ရှိသည်။ NUG က အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည့် ကရင်တိုင်းရင်းသား ကိုယ်စားလှယ် နော်စူစဲန်နာလှလှစိုး ဆိုလျှင် ဧပြီလ ၂၂ ရက်နေ့၌ လူသိရှင်ကြား တောင်းပန်ချက်တစ်ရပ် ပြောကြားခဲ့သည်။ ယခင် NLD အစိုးရလက်ထက်တွင် သူမအနေဖြင့် တိုင်းရင်းသားများ၏ အသံကို ကာကွယ်မြှင့်တင်ပေးရန် ပျက်ကွက်ခဲ့ကြောင်း တောင်းပန်ပြောကြား ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များသည် NUG ကို မထောက်ခံမီ သူတို့၏ အခွင့်အရေးအတွက် အပြည့်အဝ အာမခံမှုတစ်ရပ် ရရှိလိုကြသည်။ မြန်မာ့နိုင်ငံရေးတွင် ဗမာနှင့် NLD ပါတီတို့၏ ကြီးစိုးမှုကြောင့် လက်နက်ကိုင်များသည် စိတ်မချဘဲ စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။NLD ပါတီသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့်အတူ ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ တိုင်းရင်းသားများ ကလည်း NLD အစိုးရလက်ထက်တွင် နိုင်ငံရေးအရ ပိုမိုကျယ်ပြန့်စုံလင်စွာ လှုပ်ရှားခွင့်ရမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း NLD အစိုးရ အာဏာရချိန်တည်းက တောက်လျှောက်ရှိခဲ့သည့် လူနည်းစုများအပေါ် အကြမ်းဖက်မှုများကြောင့် တိုင်းရင်းသား အုပ်စုများ၏ ယုံကြည်စိတ်ချမှုမှာ မှေးမှိန်သွားပြီဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရန်သူ၊ တစ်ချိန်တုန်းက ကျွန်တော်တို့ကို တညီတညွတ်တည်း နှိမ်နင်းခဲ့သူတွေဟာ အခု ပြိုကွဲသွားပြီး အချင်းချင်း ပြန်တိုက်နေကြတယ်။ ပြီးတော့ နှစ်ဘက်လုံးက ကျွန်တော်တို့ကို သူတို့ဘက်မှာ ပါစေချင်နေကြတယ်” ဟု အေအေစစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ပြောသည်။ NLD အစိုးရနှင့် မြန်မာစစ်တပ်တို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ အရပ်သားအစိုးရ လက်ထက်တွင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သည် နိုင်ငံအတွင်း စစ်ဘေးဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည်။ မြန်မာစစ်တပ်သည် ထိုဒေသများ၌ တိုင်းရင်းသားလူထုအား မြေလှန်နှိမ်နင်းသည့် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။အကြောက်တရားများကို ဖြေလျှော့ပြီး အသစ်ပြန်စနိုင်ရေးအတွက် ရည်ရွယ်ကာ CRPH သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် တစ်ရပ်ကို မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းအပြင် မြန်မာစစ်တပ် ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရန်၊ တိုင်းရင်းသား လူနည်းစုများအတွက် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကို အာမခံထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် ထိုပဋိညာဉ်က ကတိကဝတ်ပြုသည်။
ပဋိညာဉ်၌ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းရန်လည်း အစီအစဉ်များ ချမှတ်ထားသည်။ NUCC သည် ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်မည့် အဖွဲ့ဖြစ်ကာ အမျိုးသားလွှတ်တော် အဖွဲ့ဝင်များ၊ CDM လှုပ်ရှားမှုနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။ ဤအဖွဲ့အစည်းသည် စင်ပြိုင်အစိုးရအတွက် တရားဝင်အဖြစ် အသိအမှတ်ပြုခံရအောင် ကြိုးပမ်းရာတွင် အဓိကကျသည်ဟု စောတော်နီးက ပြောသည်။“NLD ဟာ အင်အားကြီးပါတီ အာဏာရပါတီ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ သူ့ကို မထောက်ခံသူတွေလည်း အများအပြား ရှိတယ်” ဟု သူကပြောသည်။
“အတိုင်ပင်ခံကောင်စီမှာ ဒီအသံတွေကိုလည်း နေရာပေးဖို့လိုတယ်” ဟု စောတော်နီးက ဆိုသည်။NUG အပေါ် မပြတ်သားမှု ဆက်ရှိနေသော်လည်း တပ်မတော်အတွင်းမှ ဘုံရန်သူကတော့ အားလုံးအတွက် သေချာနေသည့်အချက် ဖြစ်သည်။ ဤအချက်သည် နောက်ဆုံးတွင် တန်းတူညီမျှသည့် နိုင်ငံတစ်ခု တည်ဆောက်ရန် လိုအပ်သည့် မောင်းနှင်အားလည်း ဖြစ်လာနိုင်သည်။
“အာဏာသိမ်းမှုအပေါ် ကျွန်တော်တို့က ၁၀၀ ရာခိုင်နှုန်း လုံးလုံးကြီး ဆန့်ကျင်တဲ့သဘောတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဖြစ်ပျက်နေတာတွေကို မြင်လာရပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး မြန်မာလူထုနဲ့အတူ တစ်စုတစ်စည်းတည်း ရပ်တည်သွားမှာပါ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် မြန်မာစစ်တပ်က အရပ်သားများအပေါ် အလွန်အကျွံ အင်အားသုံးနှိမ်နင်းမှုများကို သူက ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။ “ဒါကို ကျွန်တော်တို့ အဆုံးသတ်ဖို့လိုတယ်။ မြန်မာလူထုနဲ့ တိုင်းရင်းသားတွေအားလုံး မိတ်ကောင်းဆွေကောင်းတွေ ဖြစ်ဖို့လိုတယ်” ဟု သူကဆိုသည်။
Crd to original uploader; ‘We are not naive anymore’: Myanmar EAOs skeptical about federal army by Allegra Mendelson and Alastair McCready, SOUTHEAST ASIA GLOBE
“Our uprising must succeed”
အရေးတော်ပုံအောင်ရမည်